April 19, 2024

MT News

Written by Nay Moe

NUG ၏ ကြားကာလ တရားသူကြီးအား ဗိုလ်နဂါး၏ MRDA ဖမ်းဆီးသွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဖြစ်စဥ်မှာ NUG ၏ ပုလဲမြို့နယ် ကြားကာလပြည်သူ့တရား‌စီရင်ရေးအဖွဲ့မှ တရားသူကြီးတဦးဖြစ်သည့် ကိုယ်ပိုင်အမှတ် တ-၁၂၃ ဦးပုဏ္ဏကကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)တပ်ဖွဲ့ဝင်များက ဇွန်လ ၇ရက် မနက် ၈ နာရီခန့်တွင် လက်နက်များဖြင့် အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လွှတ်‌ပေးရန်တောင်းဆိုသည့်အခါ ဇွန်လ ၈ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားသူကို မြို့နယ် ပအဖ၊ ပကဖ ထံ လွှဲပြောင်းပေးမည်ဟု MRDA တာဝန်ရှိသူက ကတိပြုခဲ့သော်လည်း ယခုအချိန်ထိ လွှဲပြောင်းပေးခြင်းမရှိသဖြင့် ဦးပုဏ္ဏက၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

NUG ၏ ဩဇာခံ PDF များ၊ ပကဖများနှင့် ဗိုလ်နဂါးကဲ့သို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ(LDF) များအကြား မကြာခဏတိုက်ခိုက်ဖမ်းဆီးမှုရှိသည့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးစသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေလုဖမ်းဆီးမှုများ ​အပြန်အလှန်ပြုလုပ်နေကြသည်။ လက်ရှိတွင် ဖမ်းဆီးခံရသည့် ဦးပုဏ္ဏကသည် ပြည်သူများ၏ လျှပ်စစ်မီတာခများ အလွဲသုံးစားလုပ်ခြင်း၊ မူးယစ်ဆေးသုံးစွဲဖြန့်ဖြူးခြင်း စသည့်ကိစ္စများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရကာ ထိုဖြစ်စဉ်အား NUG၏ သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကြောင်းကြား သတင်းပို့ထားပြီးဖြစ်သည်ဟုလည်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ပုလဲမြို့နယ် ပကဖခေါင်းဆောင်(အမတ်ဟောင်း) ကိုဇော်ထက်နှင့် ဗိုလ်နဂါးတို့သည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြဖူးသူများလည်းဖြစ်ပြီး လက်နက်ကိုင်အချင်းချင်းအကြား နယ်မြေလုကာ ဦးသူကတိုက်ခိုက်နေကြသော အဖွဲ့များလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *