April 24, 2024

MT News

Written by Kyaw Soe Moe (Pyapon)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၆ ခုမှ ဝင်ရောက်ဖြေဆိုသူ ၉၁၀ ရှိပြီး အောင်မြင်သူ ၅၈၇ ဦးရှိသဖြင့် အောင်ချက် ၆၄ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင်ထုတ်ပြန်ကြေညာပေးထားလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများလာရောက်ကြည့်ရှုခဲ့ကြသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၆ ခုမှ ဝင်ရောက်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ ၉၁၀ ဦး၊ အောင်မြင်သူ ၅၈၇ ဦးရှိပြီး ၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၄၀ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၃၅၈ ဦး အောင်မြင်ခဲ့သည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *