April 26, 2024

၈. ၆. ၂၀၂၃
Written By Thandar

သရုပ်ဆောင် ဘုန်းလျှံနဲ့ ဇနီးမမေသင်းမောင်တို့က ဦးခေါင်းရေအိတ်ခွဲစိတ်ပြီး ပိုက်ထည့် ကုသရမယ့် ကလေးငယ်အတွက် အလှူငွေ နှစ်သိန်းကျပ်ကို ဒီနေ့ ဇွန် ၈ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၂၃ ရပ်ကွက်ရှိ ဝေဠုကျော်ဖောင်ဒေးရှင်းမှာ လှူဒါန်းခဲ့ပါတယ်။

“ဒီ ချင်းကလေးလေး ခေါင်းမှာ ရေအိတ်တည်နေတယ်။ ဒီအတွက် ကျွန်တော်တို့က ကိုယ့်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းဖြစ်တာပါ။ ရေအိတ်ကိုလည်း ခွဲစိတ် ပိုက်ထည့်ကုသရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာက ရခိုင်ပြည်နယ်အတွက် မိုခါမုန်တိုင်းသင့်တွေကိုလည်း ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တာတွေ လှူဒါန်းနေပါတယ်။ မုန်တိုင်း ထပ်လာဦးမယ် သတင်းကြားရတော့လည်း သတိနဲ့နေထိုင်သွားဖို့ပဲ အားလုံးကို မှာချင်ပါတယ်”လို့ သရုပ်ဆောင် ဘုန်းလျှံက ပြောပါတယ်။

အဆိုပါ ချင်းကလေးငယ် မောင်ဂင်ဂီးနိုင်အတွက် အလှူငွေ ၂ သိန်းကျပ်ကို လှူဒါန်းခဲ့ရာမှာ ဝေဠုကျော် ဖောင်ဒေးရှင်းကလည်း လှူဒါန်းခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်တယ်လို့ ဆိုပါတယ်။ ဘုန်းလျှံဟာ မေလ ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းဘေးကြောင့် ထိခိုက်ရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက်လည်း ကိုယ်တိုင် သွားရောက်ပြီး “ရန်ပုံငွေပဒေသာကပွဲ”မှာလည်း ပါဝင်ဖျော်ဖြေခဲ့ကာ ကူညီလှူဒါန်းမှုတွေကို လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသတွေက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ခုနှစ်ရက် သားသမီးတွေ ပါဝင်လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ အစားအသောက်တွေ အိုး၊ ခွက်အပြင် ကျန်းမာရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီပို့ဆောင်ပေးလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *