April 19, 2024

MT News

Written by Peya

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ ၅ ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက် နံနက်ပိုင်း ၄ နာရီအချိန်တွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုတ်တွင်လည်း ဝင်ရောက် ကြည့်ရှု့နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ အသိပေး ထုတ်ပြန်ထားမည့်အပြင် ဝေးလံဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ် ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ ရေဒီယိုအစီစဉ်ကလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

သက်ဆိုင်ရာ စာစစ်ဌာနများတွင် အောင်စာရင်း လာကြည့်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လည်း အသိပေးထားသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး အောင်မြင်သူ တစ်သိန်းသုံးသောင်းကျော်ရှိခဲ့ကာ စနစ်ဟောင်း နောက်ဆုံး စာမေးပွဲဖြစ်သည့် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခုနစ်သောင်းခန့် ဖြေဆိုခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *