MT News

Written by Pan Ei

၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့ပြီး နိုင်ငံတကာမှာ အောင်မြင်မှုတွေရရှိခဲ့သလို မြန်မာနိုင်ငံကပရိသတ်တွေကိုလည်း လောင်စေခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ “The Second Husband” ထဲက မင်းသား Cha Seo Won နဲ့ မင်းသမီး Uhm Hyun Kyung တို့ဟာ ၂၀၂၄ ခုနှစ်မှာ လက်ထပ်ကြတော့မယ်လို့ သိရပါတယ်။

Cha Seo Won နဲ့ Uhm Hyun Kyung တို့ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းကို နှစ်ဖက် အေဂျင်စီတွေက အတည်ပြုပေးခဲ့တာပါ။

သူတို့နှစ်ဦးက “The Second Husband” ဇာတ်လမ်းတွဲရိုက်ကူးပြီးစဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး အခုလက်ရှိမှာလည်း မင်းသမီး Cha Seo Won ဟာ ရင်သွေးလေး လွယ်ထားရပြီဖြစ်တယ်လို့လည်း အေဂျင်စီတွေက အသိပေးခဲ့ပါတယ်။

မင်းသား Cha Seo Won ဟာ အခုလက်ရှိမှာ စစ်မှုထမ်းနေတာဖြစ်လို့ တာဝန်ထမ်းဆောင်ပြီးချိန် ၂၀၂၄ ခုနှစ်မှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းသမီး Uhm Hyun Kyung က ၂၀၀၆ ခုနှစ်မှာ “Rainbow Romance” ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး မင်းသား Cha Seo Won ကတော့ ၂၀၁၃ ခုနှစ်မှာ နာမည်ကြီး ဒရမ်မာ “The Heirs” နဲ့ ပွဲဦးထွက်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ “The Second Husband” ဇာတ်လမ်းတွဲအပြင် ၂၀၁၉ ခုနှစ်က “Miss Lee” ဇာတ်လမ်းတွဲမှာလည်း အတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *