MT News

Written by Nay Aung

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းများကို တင်းတင်းကြပ်ကြပ် စစ်ဆေးအရေးယူရန် အိန္ဒိယပြည်သူများ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မဏိပူရပြည်နယ်အတွင်းရှိ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များပါဝင်သော အဖွဲ့အစည်းများသည် ဇွန် ၄ ရက်နေ့ကJantar Mantar အရပ်ဒေသတွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး တရားမဝင် ဝင်ရောက်နေသော မြန်မာနိုင်ငံသားများကို စုံစမ်းအရေးယူရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြအုပ်စုများက မြန်မာနိုင်ငံသားများ မဏိပူရပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်နေခြင်းများကို ရပ်တန့်စေလိုကြောင်း တောင်းဆိုခဲ့သည်။ ဆန္ဒပြပွဲတွင်ပါဝင်ပြီး မဏိပူရပြည်နယ် Thoibal မြို့တွင် နေထိုင်သော ဆေးကျောင်းသားဂျိုးက ” မြန်မာနိုင်ငံဘက်ခြမ်းကနေ တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေကြောင့် မဏိပူရပြည်နယ်အတွင်း မတည်ငြိမ်မှုတွေဖြစ်လာတယ်။အကြမ်းဖက်မှုတွေဖြစ်လာတယ်။ အဲဒီတရားမဝင် ဝင်ရောက်လာသူတွေဟာ တောင်ကုန်းတွေမှာ ဘိန်းစိုက်ပျိုးတာတွေလည်းလုပ်ဆောင်လာတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲဦးဆောင်ကျင်းပသော ကော်မတီက အစိုးရအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသော ကူကီး စစ်သွေးကြွအုပ်စုများ၏ အကြမ်းဖက်မှုများကို စစ်ဆေးအရေးယူစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးဖြစ်သော Prem Meetie ကလည်း “မဏိပူရပြည်နယ်အတွင်း နေထိုင်သူအားလုံးဟာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ တာဝန်ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံများသည် နေရပ်စွန့်ခွာကာ အိန္ဒိယဘက်ခြမ်းသို့သွားရောက်နေထိုင်ခြင်းများရှိနေကြောင်း အိန္ဒိယအစိုးရ က သတင်းထုတ်ပြန်ထားသည်။ ထို့အတူ ပြီးခဲ့သည့် လပိုင်းကလည်း ချင်းလက်နက်ကိုင် PDF နှစ်ဦးက အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်ဖြတ်အပြီး မြန်မာနိုင်ငံသားများကို ဖမ်းဆီးအရေးယူရန် ဆန္ဒပြတောင်းဆိုမှုများလည်း မြင့်တက်လာနေသည်။

Ref——- telegraphindia

Leave a Reply

Your email address will not be published. Required fields are marked *