MT News

Written by Peya

ဆယ်တန်းသင်ရိုးဖြေဆိုသူများအနေဖြင့် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပြီးနောက် ထိုနောက်ဆုံး စာမေးပွဲတွင် ကျရှုံးသူများနှင့် ဝင်မဖြေသူများအနေဖြင့် ကျောင်းတက်ခွင့်ရှိတော့မည် မဟုတ်ဘဲ Grade 12 စာမေးပွဲကို အပြင်ဖြေဖြင့်သာ ဖြေဆိုခွင့်ရတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံက မေလ ၂၃ ရက်တွင် သတင်းရရှိသည်။

မဖြေဆိုသူများနှင့် ကျရှုံးသူများအနေဖြင့် ယခုနှစ် ပညာသင်နှစ်တွင် မည်သည့်အတန်းက စတက်ရမည်နည်းဟု သိလိုနေကြသည့်အပေါ် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထုတ်ကာ ရှင်းလင်းခဲ့ခြင်းလည်း ဖြစ်သည်။

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး အောင်မြင်သူ တစ်သိန်းသုံးသောင်းကျော်ရှိခဲ့ကာ စနစ်ဟောင်း နောက်ဆုံး စာမေးပွဲ ဖြစ်သည့် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခုနှစ်သောင်းခန့် ဖြေဆိုခဲ့ကြောင်း သိရသည်။

စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာမေးပွဲတွင် မဖြေဆိုသူနှင့် ကျရှုံးသူ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းတက်ခွင့်ရှိတော့မည် မဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၍လည်းကောင်း၊ ပြင်ပသင်တန်းများ တက်ရောက်၍သော်လည်းကောင်း လေ့လာသင်ယူပြီး Grade 12 သင်ရိုးသစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရမည် ဖြစ်ကြောင်း ရှင်းလင်းထားခြင်း ဖြစ်သည်။

“ကောင်းတယ်ပြောရမယ်။ အဲ့ဒါမှ ဒီကလေးတွေအတွက် စနစ်သစ်ကို ပြန်ကူးလို့ရမှာ။ မဟုတ်ရင် စနစ်ဟောင်းကနေ ကူးခွင့်မပေးဘူးဆိုရင် ဒီနှစ် ဆယ်တန်းမအောင်တဲ့ ကလေးတွေက ပြောမရဘူး။ နောက်နှစ်ကျရင် အောင်ချင်လည်း အောင်မှာလေ။ နှစ်နဲ့ ပြန်ကြည့်မယ်ဆို တစ်နှစ်သာသွားတယ်လို့ ပြောလို့ ရပေမယ့် ဒီကလေးတွေက ရှင်းရှင်းပြောရရင် နှစ်ကျတွေ။ နှစ်ကျဖြစ်နေလို့ ပုံမှန်ကလေးနဲ့ ယှဉ်ရင် တစ်နှစ်သာနေပေမယ့် အတူတူပဲ ပြန်ဖြစ်သွားမှာ” ဟု အထက်တန်းပြ ဆရာမတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *