၂၁.၅.၂၀၂၃

Written By Thandar

မကြာခင်က ကျင်းပခဲ့တဲ့ Miss Grand Chin Land 2024 ပြိုင်ပွဲမှာ Miss Grand Hakha 2024 (Main Winner) နဲ့ Title ဆု ၄ ဆုရလို့ တကယ် Surprise ဖြစ်ရပါတယ်လို့ ခါးနံပါတ် ၁ အလှမယ် စုမြတ်ရည်က MT News ကို ပြောပါတယ်။

“ဆုရတော့ တကယ့်ကို Surprise Amazing ပေါ့နော်။ ညီမရဲ့ ပထမဦးဆုံး ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲလည်း ဖြစ်တယ်။ ဒီပြိုင်ပွဲဝင်ပြိုင်ထဲက ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အများကြီးမျှော်လင့်မထားပါဘူး။ အကောင်းဆုံး ကြိုးစားမယ်။ ဆုမရခဲ့ရင်လည်း ကိုယ့်ပရိသတ်တွေရမယ်ဆိုရင်တော်ပြီလို့ တွေးခဲ့တယ်။ ဒါနဲ့လုံလောက်တယ် ထိုက်တန်တယ်ဆိုပြီး ပြိုင်ခဲ့တာပါ။ Title ကိုလည်း အကုန်နီးပါး ၄ ဆုတောင်ရခဲ့တာဆိုတော့ Winner ရတယ်ဆိုတော့ တကယ် Surprise ဖြစ်ရပါတယ်။ဆုကြေညာတိုင်း ကိုယ့်နံပါတ်ဖြစ်နေတော့ အရမ်းကို ဝမ်းသာရပါတယ်”လို့ Miss Grand Hakha 2024 (Main Winner)ဆုရှင် စုမြတ်ရည်က MT News ကို ပြောပါတယ်။

သူမဟာ Miss Grand Hakha 2024 (Main Winner) ဆုအပြင် Title ဆုတွေဖြစ်တဲ့ Miss I’AURA, Beauty Face By Angel’s Secret , Best In Swimsuit နဲ့ Best In Evening Gown ဆုတွေရရှိခဲ့တာပါ။ အဆိုပါ ပြိုင်ပွဲကို မေလ ၁၇ ရက်က ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပခဲ့ရာ အလှမယ် ၁၅ ယောက် ဝင်ရောက် ယှဥ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ Miss စုမြတ်ရည်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် Miss Grand Myanmar 2024 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

“ဒီက Winner ဆုရပေမယ့် မြို့နယ်အလိုက်ထပ်ရွေးပြီးတော့ ညီမလေးက ချင်းကိုယ်စားပြုအနေနဲ့ ညီမလေးက Miss Grand Myanmar ဆက်လက်ယှဥ်ပြိုင်ရမှာပါ။ မန္တလေးက Miss Grand Myanmar ပြိုင်ပွဲက ပေါက်လာတာတွေ့ခဲ့တယ်။ ရန်ကုန်ပွဲမှာလည်း တကယ့်ကို အရည်အချင်းရှိသူတွေ ဆုတွေရကြတယ်။ စိတ်ဝင်စားခဲ့တယ်။ ကိုယ့်မှာ Supporting ပေးမယ့်သူလည်း မရှိဘူး။ ငွေအားရော လူရော မရှိတော့ မပြိုင်ဖြစ်ခဲ့ပေမယ့် ခုက Organizer က ချင်းပွဲရှိတယ်။ ဝင်ပြိုင်ဖို့ တွန်းအားပေးလို့ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ဒီပြိုင်ပွဲက ဆုရတော့ Miss Grand Myanmar ပြိုင်ပွဲအတွက် Catwalk ပိုင်းတွေ ၊ Speaking ပိုင်းတွေလည်း လေ့လာနေပါတယ်။ Body နဲ့ Skincare ပိုင်းတွေရော ကြိုးစားပြင်ဆင်ပါမယ် ”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *