MT News

Written By Thandar

၂၀၂၃ – ၂၀၂၄ မှာ မင်္ဂလာဆောင်နှင်းမယ့် မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာဧည့်ခံပွဲနဲ့ Dinner ပွဲတွေအတွက် The Memorial Wedding Fair ကို မေလ ၂၀ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် The Memorial Venue မှာကျင်းပရာ သရုပ်ဆောင်မြယာက အကယ်ဒမီရွှေကြိုမောင်မယ်တွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီပွဲကိုတော့ မေလ ၂၀ နဲ့ မေလ ၂၁ ရက်အထိ (၂) ရက်တိုင်တိုင် နေ့လည် ၂ နာရီကနေ ည ၈ နာရီအထိ ကျင်းပသွားမှဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမှာ အဆိုတော် မေစံပယ်ညို စတဲ့ တေးသံရှင်တွေကလည်း တေးသီချင်းသီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

ဒီပွဲမှာ မြန်မာ့ထိုင်မသိမ်းကိုမှ ခေတ်နဲ့လျော်ညီပြီး Crystal အပြည့်နဲ့ လှပ ကြွရွနေတဲ့ Design လေးတွေပြသမယ့် KS Collection ရဲ့ Traditional Wedding Dress Show အပြင် ဝာရုတ်ရိုးရာဓလေ့ထုံးစံအတိုင်း ပွဲထွက်ပြသမယ့် Chinese Wedding နဲ့ Demonstration ပြသမှာပါ။

လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေးဝတ်စုံ၊ ထိုင်မသိမ်းနဲ့ အနောက်တိုင်းဝတ်စုံတို့ကို ပြသမယ့် Trend နဲ့ အညီ နောက်ဆုံးပေါ်ဒီဇိုင်းများကိုသာ ဖန်တီးလေ့ရှိတဲ့ Designer Lwin Myat Noe ရဲ့ Fashion Show ကိုလည်း ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *