၂၂. ၅. ၂၀၂၃
Written By Thandar

ပရဟိတ မင်းသားကြီးဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူတွေကို ကူညီမှု စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ရင်းက ဒူးမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

“ဒူးကဒဏ်ရာအတွက် စိတ်ပူပေးနေကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ်က အများအတွက် အလုပ်တွေများနေတော့ ဒဏ်ရာကို ဆေးထည့်ရုံသာထည့်ဖြစ်ပြီး ဂရုမစိုက်မိသလိုဖြစ်နေတာ။ ဒဏ်ရာက မနက်ပေမဲ့ ရေခဏခဏစိုတာရယ် ကိုယ်က ဆီးချိုရှိတာရယ်ကြောင့် အနာက ရင်းချင်လာတယ်။ ပေါင်မှာ အကြိတ် ထချင်ပြီး ပိုနာလာ‌တော့တယ် ။အဲဒီတော့မှပဲ အနာကို ဆေးခန်းပြဖို့ သတိရတော့တယ်။ အခုတော့ မောင်တောဆေးရုံမှာပြခဲ့ပါပြီ။ မေးခိုင်ကာကွယ်ဆေးလည်း ထိုးပေးလိုက်ပါတယ်။ စိတ်ပူပေးတဲ့သူတွေရော ဆေးကုပေးတဲ့ မောင်တောဆေးရုံက ဆရာဝန် ဆရာမများကိုပါ ကျေးဇူးအထူးတင်ပါတယ် “လို့ ဝေဠုကျော်က ပရိသတ်တွေ သိအောင် ပြောပါတယ်။

သူဟာ မိုခါမုန်တိုင်းမကျရောက်ခင် မေလ ၁၂ ရက်လောက်ထဲက ရန်ကုန်ကနေ စတင်ထွက်ခွာခဲ့ပြီး ရခိုင်ပြည်နယ်မှာ ရသေ့တောင် ၊ မောင်တော ၊ စစ်တွေ စတဲ့ ဒေသတွေကိုသွားရောက်ပြီး ဒီနေ့အချိန်ထိ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *