MT News

Written by Thettant

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသားဘောလုံးအသင်းပြိုင်ပွဲရဲ့ တတိယနေရာလုပွဲအတွက် မြန်မာအသင်းနဲ့ ဗီယက်နမ်တို့ ယှဥ်ပြိုင်ခဲ့ရာမှာလည်း မြန်မာအမျိုးသားအသင်းက ဗီယက်နမ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မေလ ၁၅ ရက်က ယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသမီးဗိုလ်လုပွဲစဥ်မှာလည်း မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်အမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာအမျိုးသမီးအသင်းဟာ SAC ဥက္ကဋ္ဌက ရွှေဆုဆွတ်ခူးနိုင်ရင် ဒေါ်လာတစ်သိန်း၊ ငွေဆုပဲရခဲ့မယ်ဆိုရင်တော့ ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်မယ်ဆိုတဲ့ ကတိပြုမှုမှာ ငွေဆုရလို့ ဒေါ်လာ ၅၀၀၀၀ ဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်း ဗီယက်နမ်အမျိုးသားအသင်းကို ရှုံးနိမ့်ပြီး စတုတ္တနေရာပဲ ရပ်တည်ခဲ့တဲ့ မြန်မာအမျိုးသားအသင်းကတော့ တတိယရမှ ချီးမြှင့်ခံရမဲ့ဒေါ်လာ ၅၀၀၀၀ ကို လက်လွှတ်ခဲ့ရပါတယ်။

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲတတိယနေရာလုပွဲမှာ ဗီယက်နမ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၈ မိနစ်နဲ့ ၃၄ မိနစ်မှာ Ho Van Cuong က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ Van Khang က သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်ကျမှ အောင်မျိုးခန့်က သွင်းယူခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *