April 20, 2024

၁၇. ၅. ၂၀၂၃
Written by Hey Mar

ယမန်နေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြိုနယ် ဂျုံးဂျုံးကျကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အရှင်သာသန (၅၃ နှစ်၊ ၃၃ ဝါ) စီးနင်းလိုက်ပါလာသည့် ကားတစ်စီးသည် ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်း မီးပွိုင့်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ ယာဥ်ပေါ်တွင်ပါရှိသည့် ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း လှည်းကူးမြို့နယ်အခြေစိုက် ပရဟိတ အသင်းမှသိရသည်။

ဆရာတော်သည် မော်လမြိုင်မြို့ရှိ ဒါယိကာမတစ်ဦး ကွယ်လွန်သဖြင့် ပင့်ဖိတ်သည်ကို သွားရာမှ အပြန်လမ်းတွင် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေရာတင်ဆုံးတာတော့မဟုတ်ဘူး။ ကျိုက်ထိုဆေးရုံကို တင်ပို့လိုက်နိုင်တယ်။ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း ပျံလွန်တာပါ။ ရုပ်ကလာပ်ကို ကျိုက်ထိုဘက်က ပရဟိတ အသင်းတွေက မနေ့က ည ၉ နာရီလောက်မှာ လှည်းကူး ဂျုံးဂျုံးကျကျေးရွာက ဆရာတော် ကျောင်းထိုင်တဲ့ဆီကို ပြန်လည်ပင့်ဆောင်ပေးခဲ့ပါတယ်”ဟု လှည်းကူးအခြေစိုက်ပရဟိတအသင်းမှ ပြောသည်။

ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား အအေးခေါင်းသွပ်သွင်းခြင်းတို့ကို အဖြူရောင်ကြယ်တစ်ပွင့်ကူညီရေးအသင်းက ပူဇော်ကူညီခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *