၁၇. ၅. ၂၀၂၃
Written by Pan Ei

တရုတ်စူပါလိဂ်တွင် ကစားနေသည့် တောင်ကိုရီးယားဘောလုံးသမား Son Jun-ho ကို လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်ပြီး သံသယရှိမှုဖြင့် တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၆ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ကာတာကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပါဝင်ကစားခဲ့ဖူးပြီး ယခုလက်ရှိတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် အခြေစိုက်သော တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းတိုင်းရှန် အတွက် ကစားနေသည့် ဘောလုံးသမား Son Jun-ho ကို လာဘ်ပေးလာဘ်ယူမှုနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရဲစခန်းတွင် သောကြာနေ့က ထိန်းသိမ်းခဲ့ကြောင်း တောင်ကိုရီးယား သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက Son Jun-ho အား လိုအပ်သော အကူအညီများအား ပံ့ပိုးပေးနေကြောင်း ပြောကြားသော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ကိုရီးယားဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းချက်များရယူရန် ရှန်ဒေါင်းတိုင်းရှန် ဘောလုံးကလပ်သို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြောင်း သိရသည်။

Son Jun-ho သည် တောင်ကိုရီးယားဘောလုံးအသင်းအနေဖြင့် ၁၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိခဲ့သည့် ယမန်နှစ် ကာတာကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပွဲစဉ် လေးပွဲ၌ သုံးပွဲ ဝင်ကစားခဲ့ရသော ဘောလုံးသမားတစ်ဦးလည်း ဖြစ်သည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *