၈. ၅. ၂၀၂၃
Weitten by Min Mahar
နေအိမ်အောက်ထပ်၌အိပ်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့ဝင် ၇ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီးအသံကြား၍ လာကြည့်သည့် အကို ၂ ဦးကိုပါ ထပ်မံပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားမှု ရေနံချောင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်ကမကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာ အုပ်စု၊ မှန်ကန်ကျေးရွာတွင် နေထိုင်သော အသက် ၄၉ နှစ်ခန့်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်အောက်ထပ်၌ အိပ်ပျော်နေစဉ် ဆိုင်ကယ် ၄ စီးဖြင့် PDF အဖွဲ့ဝင် ၇ ဦးကရောက်ရှိလာပြီး သေနတ်ဖြင့် ဦးခေါင်းကိုတစ်ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သံကြောင့် တစ်ဝန်းတည်းနေထိုင်သည့် အစ်ကိုတော်စပ်သူ ၂ ဦးက ထွက်ကြည့်သည့်အခါတွင် PDF အဖွဲ့များက သေနတ်ဖြင့် ၂ ချက်လှမ်းပစ်ကာ ထွက်ပြေးသွားရာ အကိုကြီးတွင် ဦးခေါင်းငယ်ထိပ်နောက်ကို ရှပ်မှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် နောက်ထပ်အကိုတစ်ဦးတွင်မူ ဝဲဘက်လက်မောင်းကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ရာနေရာသို့ လုံခြုံရေးအဖွဲ့ဝင်များရောက်လာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး တရားခံများအားဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေခဲ့ကြောင်းလည်း သိရသည်။
