၈. ၅. ၂၀၂၃
Written by Min Mahar
ချမ်းမြသာစည်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး လက်လုပ်မိုင်းဖြင့် ယနေ့မနက်ပိုင်းက ပစ်ပေါက်ခံရပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် မနက် ၉ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၆၅(B)လမ်း၊ ၁၀၄ လမ်းထောင့်ရှိ မြို့နယ်ပြည်တွင်းအခွန်ဉီးစီးဌာနရုံးအား ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားလူငယ် ၂ ဦးက ၆၅(B)လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ အခွန်ရုံးလုံခြုံရေး တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်ကလည်း သေနတ်ဖြင့် ၃ ချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ပေါက်ခဲ့မှုကြောင့် အခွန်ရုံးဝင်ပေါက် ညာဘက် အုတ်နံရံဘေးတို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။


