MT News

Photo by Nyein Kyaw

မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် မေ ၃ ရက် ညနေပိုင်းတွင် ‌ရွှေတိဂုံစေတီတော်၌ ညောင်ရေသွန်းလောင်းပူဇော်သူများနှင့် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်များကို ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ဟူ၍ စာချိုးဖြင့် အမှတ်သညာပြုခဲ့ကြသည်။ ဗျာဒိတ်- ဗျာဒိတ်ခံယူသည့်နေ့ ၊ လေး အသင်္ချေကမ္ဘာတစ်သိန်း အစရှိသည်မှာလည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဖွားမြင်- ဘုရားရှင်မွေးဖွားသည့်နေ့ မဟာသက္ကရာဇ် (၆၈)ခု၊ သောကြာနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။ ဗုဒ္ဓဝင်- မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့တွင်လည်း ဗုဒ္ဓ၀င်အကျဉ်းအား ဟောကြားတော်မူခဲ့သည်။

မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *