April 25, 2024

ဓာတ်ပုံ- မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရွှေဘိုခရိုင်

၂၉. ၄ .၂၀၂၃
Written by Hey Mar

ရွှေဘို-မန္တလေးလမ်း လှတောကျေးရွာတောင်ဘက်အထွက်ကွေ့ တွင် ကား၂ စီး ခေါင်းချင်ဆိုင်တိုက်ရာမှ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ အပြင်းအထန်ရရှိမှု  ဧပြီလ ၂၈ ရက် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပခုက္ကူ ချောင်းပြားရွာမှ ခရီးသည်တင် အန်စာတုံးကားနှင့် စပါးခွံများတင်ဆောင်သောကားတို့ လှတောကျေးရွာအနီးတွင် မျက်နှာချင်းဆိုင်တိုက်မိ၍ ခရီးသည်တင်ယာဉ်မှလိုက်ပါလာသော ခရီးသည် ၉ ဦးအနက် ယာဥ်မောင်းနှင့် အရှေ့ခန်းမှ ကျားတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကားမှာ မြစ်ကြီးနား-ဖားကန့်သို့ တက်မည့် ခရီးသည်တင်ယာဥ်ဟု သိရှိရပြီး ဖြစ်စဥ်ကို မျက်မြင်မြင်တွေ့လိုက်သည့် ခရီးသွားတစ်ဦးမှ တယ်လီဖုန်းဆက်သွယ်ပြောပြချက်အရ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်မှ နာယကဆရာတော်ဦးစီး၍ လူနာတင်ယာဉ် ၂ စီး ထွက်ခွာသွားရောက်ကူညီခဲ့ကြကာ သက်ဆိုင်ရာရဲတပ်ဖွဲ့၏ စီစဥ်ညွှန်ကြားချက်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိသောအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ တောင်ကြားကျေးရွာမှဖြစ်၍ အိမ်သို့ဆက်သွယ်ခေါ်ယူထားကြောင်း သိရှိရပြီး လိုအပ်သည့်ရှေးဦးသူနာပြု ကုသပေးခဲ့ကြောင်းနှင့် သေဆုံးလူနာအမျိုးသား ၂ ဦးကိုလည်း ရွှေဘိုဆေးရုံကြီးရင်ခွဲရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင်

Leave a Reply

Your email address will not be published. Required fields are marked *