April 20, 2024

၂၉.၄.၂၀၂‌၃
Written By Thandar

ရုပ်ရှင်ချစ်ပရိသတ်တွေ အမြဲပျော်ရွှင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် ဟာသသရုပ်ဆောင် ဦးဝင်းနိုင်ဟာ  ဒီနေ့ ဧပြီ ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲမှာ လက်ရှိ သူခိုလှုံရာ ရန်ကုန်မြို့ ပုလဲမြို့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ ကွယ်လွန်ခဲ့ပါတယ်။

“ဦးဝင်းနိုင်က ပုလဲမြို့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ နေထိုင်နေတာ ကြာပါပြီ။ အရင် လေဖြန်းထားတဲ့ ဝေဒနာကို ခံစားနေရတာကြာပါပြီ။ မကြာခင်က ကိုဝင်းနိုင်ကို သွားတွေ့ပြီး အစည်းအရုံးက ထောက်ပံ့ကြေးတွေ သွားပေးဖြစ်သေးပါတယ်။ အခုလို ကိုယ့်အနုပညာလောကသားတစ်ယောက် ဆုံးရှုံးရတဲ့အတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက ‌MT News ကို ပြောပါတယ်။

သူဟာ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ နေထိုင်နေရင်းက လေဖြတ်ဝေဒနာကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်ဦးဝင်းနိုင် နာရေးကို ယနေ့ ဧပြီ ၂၉ ရက် ညနေပိုင်း ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ဦးဝင်းနိုင်ဟာ အရင်က ဝင်းနိုင် (အနုပညာ)ဆိုပြီး လူရွှင်တော်ရေးတဲ့စာ စတဲ့ စာပေတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *