Photo - MFSD၊ အမှတ် (၄) ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့

MT News
၂၉. ၃. ၂၀၂၃

ရွှေလင်ဗန်းစက်မှုဇုန်ရှိ မွေ့ယာစက်ရုံမီးလောင်နေပြီး Level 3 အဆင့်ယာဥ်များဖြင့် ငြှိမ်းသတ်နေရပြီး မီးလောင်ကျွမ်းမှုများပြားသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ထုတ်လွှင့်နေသည့် Live များအရ ကနဦးသိရသည်။

ဖြစ်စဥ်မှာ ယနေ့ နေ့လည် ၃ နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 3 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ညနေ ၄ နာရီ ၁၄ မိနစ်တွင် မီးထိန်းနိုင်သည်ဟု သိရသည်။

MT News သတင်းဌာနအနေဖြင့် မီးလောင်ကျွမ်းနေသည့်စက်ရုံမှာ Sweety Home ဟု ကနဦးသိရပြီး ဖြစ်စဥ်မှန်ကန်မှုရှိမရှိနှင့် မီးလောင်ကျွမ်းမှုဖြစ်စဥ်များကို အတည်ပြုဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *