အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးခံရသော မြန်မာ PDF နှစ်ဦး

၂၉. ၃. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့နှင့် အထူးကွန်မန်ဒို တပ်ဖွဲ့တို့သည် Tengnoupal ဒေသတွင် ပုန်းခိုနေသော မြန်မာနိုင်ငံအခြေစိုက်လက်နက်ကိုင် PDF အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယ သတင်းမီဒီယာများက ဖော်ပြထားသည်။

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့နှင့် ကွန်မန်ဒိုအဖွဲ့တို့သည် ထောက်လှမ်းရေးသတင်းအချက်လက်များအရ အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ Jangnoi ရွာကို ရှာဖွေမှုများ၊ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် PDF နှစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့နှင့် ကွန်မန်ဒိုအဖွဲ့သည် PDF အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံများ၊ မြန်မာငွေကြေး ပိုက်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသော မြန်မာ PDF နှစ်ဦးသည် မြန်မာနိုင်ငံဘက်ခြမ်းရှိ တမူးမြို့တွင် နေထိုင်သူများဖြစ်ပြီး တမူးမြို့မှ Tengnoupal မြို့သို့ လာရောက်နေထိုင်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော မြန်မာ PDF နှစ်ဦးသည် အသက် ၃၈ နှစ်အရွယ်နှင့် အသက် ၃၅ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း မဏိပူရပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဏိပူရပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခံရသည့် PDF နှစ်ဦးသည် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ တမူးမြို့တွင်နေထိုင်သော ရဲရင့်အောင်နှင့် နေပိုင်ဆိုသူတို့ဖြစ်ကြောင်း ပြောသည်။ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သော လကလည်း နာဂလက်နက်ကိုင်အဖွဲ့ (ENNG)မှ အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် တိုက်ခိုက်မှုများရှိနေခြင်းကြောင့် မဏိပူရပြည်နယ်ဝန်ကြီးချုပ်သည် အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသို့ လုံခြုံရေးတပ်ဖွဲ့များ ထပ်မံစေလွှတ်ခဲ့သလို အာသံ ရိုင်ဖယ်တပ်ရင်းကိုလည်း နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေး တင်းကြပ်ထားရန် ညွှန်ကြားထားကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြသည်။ အိန္ဒိယနိုင်ငံသားသုံးဦးကို မြန်မာလက်နက်ကိုင်အဖွဲ့များက သ-တ်ဖြတ်ပြီးနောက် အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် လုံခြုံရေးတင်းကျပ်ထားပြီး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

Ref ——pratidintime

Leave a Reply

Your email address will not be published. Required fields are marked *