
နေမိုး
၁. ၁၁. ၂၀၂၆
ပခုက္ကူ – ရေစကြိုကားလမ်းအတိုင်း ကားမောင်းလာသော အမျိုးသားတစ်ဦးကို ရဲတပ်ကြပ်ဟုဆိုကာ ရေစကြို PDF အဖွဲ့ဖြစ်သည့် Southern YSO PDF အဖွဲ့က ပစ်သတ်လိုက်ပြီး ရာဇဝတ်မှု ကျုးလွန်လိုက်သည်ဟု ကျူးလွန်သည့်အဖွဲ့က ယနေ့ဝန်ခံသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၃ နာရီအချိန်တွင် ပခုက္ကူမြို့မှ ပြန်လာသော ဦးသိန်းနိုင်ဦးဆိုသူ မောင်းနှင်လာသော Crown ကားကို ပခုက္ကူ – ရေစကြို ဆက်သွယ်ရေး လမ်းပိုင်းတစ်နေရာတွင် စောင့်ကြို ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံမြင်ကွင်းအရ Southern YSO PDF အဖွဲ့က မောင်းပြန်သေနတ်များကိုင်ကာ အဝေးမှမောင်းလာသောယာဥ်ကို ချောင်းမြောင်းပစ်ခတ်ကြခြင်းဖြစ်ပြီး ကျည်ထိ၍ လမ်းဘေးထိုးရပ်သွားသောကားပေါ်မှာ ကျည်ထိမှန်သေဆုံးနေသော အမျိုးသားကို ကားပေါ်မှဆွဲချကာ ကားပေါ်ပါပစ္စည်းများ လုယက်နေကြခြင်းဖြစ်သည်။
ဦးသိန်းနိုင်ဦးဆိုသူမှာ ရဲတပ်ကြပ်ဖြစ်ပြီး MA3 တစ်လက်၊ 9mm ပစ္စတို တစ်လက်နှင့် Crown ကားတို့ကို လုယက်သိမ်းဆည်းခဲ့သည်ဟု ထုတ်ပြန်သော်လည်း ပစ်ခတ်ခံရသည့်ကားပေါ်မှ လက်နက်ရသည့်မြင်ကွင်းမှာ ထုတ်ပြန်သည့်ရုပ်သံတွင် ပါဝင်လာခြင်းမရှိပေ။
