
သက်တံ့
၁. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်က ယူအန်ရုံးရှေ့ ဒီမနက် ဆန္ဒပြနေတဲ့ လေးဦးပါ Bright Future အဖွဲ့ကို ထိုင်းမျိုးချစ်အဖွဲ့ဖြစ်တဲ့ နှုတ်ခမ်းမွှေးအဖွဲ့က ဝင်ရိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်ပေးနေတဲ့ CI စခန်းတွေ ဖျက်သိမ်းရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနေထိုင်လုပ်ကိုင်ခွင့်ရရေး ခေါင်းစဥ်နဲ့ ဘန်ကောက်မြို့က ကုလသမဂ္ဂ(UN) ရုံးရှေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ ဖွဲ့ထားတဲ့ Bright Future က လူလေးဦးတည်းနဲ့ ဆန္ဒပြတောင်းဆိုချိန် ထိုင်းမျိုးချစ်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) က နှုတ်ခမ်းမွှေး(နာမည်ပြောင်)ရဲ့ အဖွဲ့က လူ ၁၀ ဦးလောက်က ဆန္ဒပြပွဲဦးဆောင်တဲ့ ထိုင်းနိုင်ငံသားခံယူထားသူ ဂေါ်ရခါးလူမျိုး ဆူရတ်ဂ်ျဂီရီကို ဦးတည် ထိုးကြိတ်ခဲ့ကြတာပါ။
လူမှုကွန်ရက်ရုပ်သံမှာတော့ ထိုင်းမျိုးချစ်တွေက ရဲတပ်ဖွဲ့က တားနေတဲ့ကြားက ဆူရတ်ဂျ်ဂီရိတစ်ယောက်တည်းကို ဦးတည်ပြီး ကန်ကျောက်နေတာ တွေ့ရသလို ဆန္ဒပြပွဲ ဆန္ဒပြပွဲကလည်း အချိန်တိုအတွင်း ပျက်သွားတာ တွေ့ရပါတယ်။
