နေမိုး
၁၁. ၁၀. ၂၀၂၆
လက်နက်မဲ့အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF ရှစ်ဦးက နေအိမ်အထိလာပြီး သေနတ်ဖြင့်ပစ်သတ်ကာ အိမ်ရှိငွေကြေးများ လုယက်လိုက်ကြမှု ပင်းတယမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမောင် (၅၇) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ရှစ်ဦးခန့်က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ ငွေကျပ် သိန်း ၁၅၀ ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
