၂၇.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းရှိ လျှံဖ အထည်ချုပ်စက်ရုံတွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၅နာရီခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ လျှပ်စစ်မီးပူကို အသုံးပြုပြီး အောက်ခံပြားမပါဘဲ ထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျားပေ ၁၅၀၊ အနံပေ ၅၀၀ ရှိ LIAN FA (Myanmar )အထည်ချုပ်စက်ရုံတွင် စတင်ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီးပူကို အသုံးပြုခဲ့ပြီး အလုပ်သိမ်းချိန်တွင် အောက်ခံပြားမပါဘဲ မေ့လျော့ကာ ထားခဲ့ရာမှ အပူလွန်ကဲပြီး အောက်တွင်ရှိ ပိတ်စဖြတ်စများကို မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လျှံဖအထည်ချုပ်စက်ရုံရှိ အလျားပေ ၂၀၊ အနံ ပေ ၁၅၀ရှိ အဆောက်အအုံနှင့်အတွင်းပစ္စည်းများ၊ ယင်းစက်ရုံအနီးရှိ အခြားအထည်ချုပ်စက်ရုံ၏ စတိုခန်းနှင့်အတွင်းရှိပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။



အထည်ချုပ်စက်ရုံမီးလောင်မီုးကို မီးငြှိမ်းသတ်ယာဥ် ၁၈ စီး၊ ရေသယ်ယာဥ် အစီး ၂၀ ၊ ကွပ်ကဲမှုယာဥ် ၄ စီး၊ အထောက်အကူပြုယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၃၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အထည်ချုပ်စက်ရုံမီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် စက်ရုံမန်နေဂျာ ဒေါ်ခိုင်ဇင်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
