သတိုး
၂၇. ၁၁. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်ခ်မက်) ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို တက်ရောက်ရန်အတွက် ယနေ့ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိင်းမြို၊ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိခဲ့ရာ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတိုမှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်နှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။

(၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့် ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက် ကြပါစို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေး၌ နေပြည်တော် ကြေညာချက်နှင့် အက်ခ်မက်ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်တို့ကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ်သည်။

(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးကို “စီအယ်လ်အမ်ဗွီနိုင်ငံများ အကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အလားအလာများကို အကျိုးရှိစွာ အသုံးချခြင်းနှင့် သာယာ ဝပြောသော အနာဂတ်တစ်ခု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး၌ (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေး၏ ပူးတွဲကြေညာချက်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအကြား အမွေအနှစ်ဆိုင်ရာနှင့် ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံဆိုင်ရာ အစီအစဉ်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
