၁၀.၁၀.၂၀၂၆
Written by Linn Eain
မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)များနှင့် UID ထုတ်ပေးခြင်းအခမ်းအနား အောက်တိုဘာ ၉ ရက်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ခန်းမနှင့် သန်လျင် သာသနာ့ဗိမာန်တော်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)များနှင့် UID ထုတ်ပေးခြင်းအခမ်းနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သတ်မှတ်နေရာများတွင် မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပသည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား အားပေးစကားပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် Unique Identification Number ကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်တွင် ပြုလုပ်သည့် အခမ်းအနားတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား အားပေးစကား ပြောကြားကာ ၎င်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် Unique Identification Number ကတ်ပြားများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်က တပ်မတော်ရေယာဉ်များဖြင့် မလေးရှားနိုင်ငံမှ နေရပ်သို့ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများကို နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
