၅.၁၀.၂၀၂၆
Written By Thandar
ရွှေနဒီရည်ရုပ်ရှင်ထုတ်လုပ်ရေးက “ရေသောက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့အိမ်တော်ရာစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
“Original Gangster 1 မှာ ကျွန်တော် Gangster 1 ရိုက်ခဲ့တာ ၂၀၁၃ ခုနှစ်ပေါ့နော်။ Gangster 2 ရိုက်ခဲ့တာ ၂၀၁၄, ၁၅၊ Gangster 3 က ၁၆ ပေါ့။ ဒီ ၂၀၁၃, ၁၄, ၁၅, ၁၆ ရဲ့ အတွေ့အကြုံလည်း ကျွန်တော်က ရိုက်တာ။ ခု ၂၀၂၅, ၂၆ ဆိုတော့ ဒီရဲ့အတွေ့အကြုံလည်း ကျွန်တော်အများကြီးသင်ယူထားပြီ ဒီကနေ ကျွန်တော် မှားခဲ့တဲ့ဟာတွေ၊ လိုအပ်တဲ့ဟာတွေကို ပြင်ဆင်ပြီးတော့ ဒီဟာကို အကောင်းဆုံးအက်ရှင်ကိုပုံဖော်ရိုက်ကူးသွားမှာပါ”လို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာ ယုန်လေးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို Dop ရဲမင်းသူနဲ့ အကယ်ဒမီခွန်း၊ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ယုန်လေးက အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ စတင်ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ချာလီငြိမ်း၊ တေဇလင်းရောင်၊ ဗီတာမင်၊ ခန့်ကျော်၊ ကောင်းမင်းသန့်၊ ယုန်လေး၊ Bwar Bwar၊ ယွန်းပိုးအိမ်၊ မိုးယံဇွန်၊ ထူးခြား၊ ကျော်ဇောဟိန်း၊ သားချော၊ အောင်ခန့်မှူးနဲ့ အထူးသရုပ်ဆောင် ထက်ထက်ထွန်း၊ BLACK-Z Stunts Team အပြင် အခြားအနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်။
#ထွန်းထွန်း #ချာလီငြိမ်း #တေဇလင်းရောင် #ဗီတာမင် #ခန့်ကျော် #BwarBwar #ယွန်းပိုးအိမ် #ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေး #ဒါရိုက်တာယုန်လေး #ရေသောက်မြစ်ရုပ်ရှင်ဇာတ်ကားကြီး
