၁.၁၀.၂၀၂၆
Written By Thandar
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ကျေးဇူးရှင် မိခင်ကြီး ဒေါ်သီတာခင်ဟာ စက်တင်ဘာ ၃၀ ရက် ညပိုင်းက ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
“အချစ်ဆုံးညီမလတ်လေး မြင့်မြတ်တဲ့ဘုံဘဝ ငြိမ်းချမ်းစွာ တည်ရှိပါစေ”လို့ အကယ်ဒမီစိုးမြတ်သူဇာရဲ့ မိခင် ဒေါ်စိုးကြည်ဖြူက ပရိသတ်သိအောင် ရေးသားပါတယ်။
ဒေါ်သီတာခင်ဟာ အနုပညာရှင်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးမြတ်ကလျာ၊ စိုးပြည့်သဇင်တို့ရဲ့ အဒေါ်လည်းဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ မိခင်ကြီးဟာ ကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ပိုင်းကလည်း ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူနေတာလည်းဖြစ်ပါတယ်။
ဒေါ်သီတာခင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၀ ရှိပြီလည်း ဖြစ်ပါတယ်။
စန္ဒီမြင့်လွင်ရဲ့ မိခင်ကွယ်လွန်အနိစ္စရောက်ရှိခဲ့တဲ့အတွက် စိတ်မကောင်းဖွယ်ဝမ်းနည်းဖွယ်ရာ သတင်းကို အနုပညာအသိုင်းအဝိုင်းက ရေးသားဖော်ပြထားကြပါတယ်။
#အဆိုတော်စန္ဒီမြင့်လွင် #SandiMyintLwin #စန္ဒီမြင့်လွင် #မိခင်ကြီး #DawThidaKhin #RIP #CeleMom #RIP
