၂၆.၉.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ စရည်းပင်လမ်းတွင် မွေ့ယာဘေးခြင်ဆေးခွေ ထွန်းရာမှ နေအိမ်မီးလောင်မှု ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
“မွေ့ယာဘေးမှာ ခြင်ဆေးခွေထွန်းထားရာကနေ ခြင်ဆေးခွေပေါ်စောင်ကျရာကနေ စောင်နဲ့မွေ့ယာကို မီးကူးစက်ပြီးလောင်တာပါ၊ လူထိခိုက်မှုမရှိပါဘူး “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။


RC နှစ်ထပ်တိုက်နေအိမ်အပေါ်ထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး တံခါးကျည်းဘောင်၊ မျက်နှာကြက်၊မွေ့ယာ၊ Aircon နှင့် TV တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ ဦးမင်းထိုက်ကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။
