၁၅.၉.၂၀၂၆
Written By Thandar
အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ ဂန္ထဝင်အဆိုတော်မန္တလေးသိန်းဇော်နဲ့ ဒေါက်တာ ချိုအေးဟန်တို့ရဲ့ မိခင်ကြီး ဒေါ်ခင်အေး (အသက် ၉၂နှစ်)ဟာ ၉၆ ပါးရောဂါနဲ့ ယနေ့ စက်တင်ဘာ ၁၅ရက် နံနက် ၆ နာရီ ၄၅ မိနစ်က ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
“အနန္တဂိုဏ်းဝင်ကျေးဇူးရှင် မိခင်ကြီး မေမေဒေါ်ခင်အေး (၁၉၃၄-၂၀၂၆) ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၆:၄၅ တွင် ကွယ်လွန်ခဲ့ပါကြောင်း ညှိုးငယ်စွာ အကြောင်းကြားအပ်ပါတယ်”လို့ မန္တလေး သိန်းဇော်က ယောက္ခမ ဆရာလေးကွယ်လွန်တာနဲ့ပတ်သက်ပြီး ပရိသတ်ကိုအသိပေးလာပါတယ်။
မန္တလေးသိန်းဇော်က ယောက္ခမဖြစ်သူ ဒေါ်ခင်အေး(ပန်းတနော်) ရဲ့ နောက်ဆုံးခရီးကို စက်တင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်မြို့ ရေဝေးသုသာန် ခန်းမဆောင်သစ်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။ မန္တလေးသိန်းဇော်နဲ့ ဇနီးဖြစ်သူ ဒေါက်တာချိုအေးဟန်တို့ မိခင်ကြီးရဲ့ ရက်လည်ဆွမ်းသွပ် တရားနာရည်စူးအလှူကိုတော့ လာမယ့် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းမှာ ရန်ကန်မြို့၊ မရန်းကုန်းမြို့နယ်၊ ကမ္ဘာအေး (၈) ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ ဇော်သင်္ကန်းတိုက် အိမ်အမှတ် (၁၂၁) နေအိမ်မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
#မန္တလေးသိန်းဇော် #ဒေါက်တာချိုအေးဟန် #မိခင်ကြီး #RIP #MandalayTheinZaw #TheinZaw
