၁၄.၉.၂၀၂၆
Written By Thandar
ပန်းချီဆရာ ၁၅ ဦး စုစည်းဖန်တီးထားတဲ့ လက်ရာတွေပါဝင်တဲ့ Artico Residency 2026 ပွဲအခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Time City ရှိ uab Tower 23rd Floor မှာ ကျင်းပခဲ့ပါတယ်။
“မဆုတို့ Artist တွေ ၁၄၊ ၁၅ ယောက်စုပြီ ရေးဖြစ်ဖို့ကလည်း တကယ်ဆိုရင် မလွယ်ပါဘူး။ ဒီ ၁၅ ယောက်က တစ်နေရာမှာစုစည်းပြီး ကိုယ့်တွေရဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြတယ်။ ပြည်ပနိုင်ငံခြားကို သွားပြီး ရေးဆွဲဖြစ်တဲ့ဆရာတွေရဲ့ အတွေ့အကြုံတွေတစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးကြမို့ အသိပညာ တွေလည်း တိုးတယ်။ UAB Bank က ကိုကျော်မင်းဆွေကိုလည်း ကျေးဇူးတင်ရပါတယ်။ ဒီနေ့မှာ မဆုရဲ့ အသေးစားပန်းချီကားငယ် ၅ ကားအပါအဝင် အခြားပန်းချီကားတွေကို ပြသခွင့်ရပါတယ်။ လာရောက် ကြည့်ရှုသူတွေလည်း စိတ်ကြိုက်လေ့လာခွင့်ရတာမို့ အရမ်းကောင်းတဲ့ Residency ပွဲလေးပါလို့”လို့ ပန်းချီဆရာ ဟေမာဆုကြည်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ Residency အစီအစဉ်မှာတော့ သက်ဆိုင်ရာ ပန်းချီပညာရှင်တွေရဲ့ အတွေ့အကြုံတွေ၊ ပြည်တွင်း ပြည်ပခရီးစဉ်အတွေ့အကြုံတွေနဲ့ ဖန်တီးမှုဆိုင်ရာ အတွေးအခေါ်တွေကို ဖလှယ်ခွင့်ရရှိခဲ့တဲ့ အဖိုးတန်အတွေ့ အကြုံတွေကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိ ပန်းချီဆရာတွေဖြစ်တဲ့ ချမ်းငြိမ်းကျော်၊ ကိုသီ၊ ထားဝယ်လေး၊ အဲလစ်ပ်၊ ကောင်းစု၊ ကြည်အောင်ပီ၊ မင်းသူရှိန်၊ မျိုးမင်းလတ်၊ နေလူရိပ်၊ စိုးမိုးထွန်း၊ သန်းကျော်ဌေး၊ ထွန်းအုံ၊ ဇော်ဇော်၊ ဟေမာဆုကြည်၊ နေနေထူးတို့ရဲ့ ကားတွေကို အကောင်းဆုံးပုံဖော်ချပြခဲ့ပါတယ်။
ဟေမာဆုကြည်ကတော့ အမျိုးသမီးသုံးဦးပုံစံ ပန်းချီကားကို ရေးဆွဲနေပြီး အဆိုပါ ပန်းချီကားမှာ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်အမျိုးမျိုးကို ထောက်ပြပုံဖော်ထားတာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလမှာလည်း ကိုယ်ပိုင် Single Exhibition (Solo ပွဲ) ပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
#ပန်းချီဆရာ #ဟေမာဆုကြည် #HayMarSuKyi #CoThiee #ZawZaw #အတွေ့အကြုံ #Residency #ArticoResidency #uabBank #ArticoResidency2026 #Artico #MyanmarArtists #ContemporaryArt
