၁၂.၉.၂၀၂၆
Written By Thandar
ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် Mister International 2026 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ Mister Myanmar 2026 ဆုရှင် ယုဂံက ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက ရန်
မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေစတင်ထွက်ခွာခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ ဒီပြိုင်ပွဲက ပြည်ပထွက်ပြိုင်တာ ဒုတိယအကြိမ်ပါ။ အဓိက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့လိုပါတယ်။ နိုင်ငံတကာက ကိုယ်စားပြုတွေအနေနဲ့လာတာမို့ ကိုယ့်ဘက်ကလည်း လျော့နေလို့တော့မရဘူးပေါ့။ ကျွန်တော်တို့ မြန်မာတွေက Perfect ဖြစ်စေချင်တာပါ။ အဲဒီ့စေတနာကို နားလည်ပေမယ့် ကျွန်တော်တို့ဘက်က ပြင်ဆင်ရတာ ခက်ပါတယ်။ အမှားပါခဲ့ရင်လည်း ကြိုတောင်းပန်ပါတယ်။ အနည်းဆုံးTop-10 အထိရအောင်ယူခဲ့မှာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ Mister Myanmar 2026 ယုဂံကပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကို နိုင်ငံတကာက အလှမောင်တွေဖြစ်တဲ့ ဗီယက်နမ်၊ ဂျပန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ စပိန်၊ မလေးရှား၊ ပြင်သစ်၊ ကျူးဘား၊ ပနားမား၊ အဇာဘိုင်ဂျန်တို့စတဲ့ သူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
၁၈ ကြိမ်မြောက် Mister International 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
#ယုဂံ #YuGan #MisterMyanmar2026ဆုရှင်ယုဂံ #ထိုင်းနိုင်ငံ #MisterInternational2026
#YuGan #MisterMyanmar2026 #CelebrityNews #MisterInternational #MI2026 #MisterInternational2026ပြိုင်ပွဲကြီး
