သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းတည့်ပိုင်းတွင် ဆီရမ်ရိမြို့၌ လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က နိုင်ငံတော်သမ္မတအား ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ယနေ့ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘာ့အမွေအနှစ် အန်ကောဝတ်ကျောင်းတော်အပါအဝင် ရှေးဟောင်းဘုရားစေတီပုထိုးများကို လေ့လာဖူးမြော်သွားမည်ဖြစ်ကြောင်း သိရသည်။
