၂၂.၈.၂၀၂၆
Written By Thandar
အဆိုတော် စိန်လင်းဦးစီးတည်ထောင်ထားတဲ့ Today Wedding Studio ရဲ့ 2nd Years Anniversary နဲ့ Today Wedding Show ပွဲကို လာမယ့် ဩဂုတ်လ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ ညနေ ၄ နာရီမှာ Sky Star Hotel မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ခမ်းခမ်းနားနားကျင်းပမှာဖြစ်ပါတယ်။
အဆိုပါပွဲ ကျင်းပမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ Western Park Ruby (People Park) မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ စိုးရန်အောင်၊ နဒီဝင့်နိုင်၊ ပွင့်နဒီမောင်၊ မြသင်းချယ်၊ သဒ္ဒါနန်းထိုက်၊ ချယ်ရီသင်း၊ မေထွဋ်ခေါင်၊ Isabellar Kyaw စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဒီနေ့ကတော့ ကျွန်တော့်ရဲ့ Today Wedding Studio ဖွင့်လှစ်ခဲ့တာဆိုရင်၂ နှစ်ပြည့်လာခဲ့ပါပြီ။ စိန်လင်းနဲ့ Today Wedding Studio ပူးတွဲ တွဲမြင်စေချင်တာလည်းပါပါတယ်။ ကျွန်တော်က Today Wedding Studio နဲ့ပြန်လည်လုပ်ကိုင်နေတာကို တချို့လူမသိကြသေးကြလည်း ရှိကြပါတယ်။ Today ဆိုတဲ့အတိုင်း နေ့ရက်တိုင်းမှာ ကိုယ်တိုင် အကောင်းဆုံးဖြစ်နေဖို့အတွက်လည်း ကြိုးစားနေပါတယ်။ ဒီ Wedding Show မှာလည်း Wedding မောင်နှံတွေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို မြင်တွေ့ရမှာပါ”လို့ အဆိုတော် စိန်လင်း (Today Wedding)က MT Entertainment ကိုပြောပါတယ်။
Today Wedding Show မှာတော့ မြန်မာ့ရိုးရာမင်္ဂလာထိုင်မသိမ်းတွေ၊ ခေတ်ကာလနဲ့အညီ ဂါဝန်ဒီဇိုင်းအသစ်တွေနဲ့ အကောင်းဆုံးဖန်တီးချပြသွားမယ်လို့ သိရပါတယ်။
ယခင်နှစ်ကတော့Today Wedding Studio က နောက်ဆုံးပေါ်ထွက်ရှိထားတဲ့ ရွှေဖူးနွယ် ထိုင်မသိမ်း၊ ခရစ္စတယ် ထိုင်မသိမ်းနဲ့ အနောက်တိုင်း ဂါဝန်မင်္ဂလာဝတ်စုံတွေကို Round 3 ခုနဲ့ တင်ဆက်ချပြခဲ့ဖြစ်ပါတယ်။
#စိန်လင်း #SeinLin #MyanmarSinger #MyanmarCele #TodayWedding #MyanmarWeddingShow #TodayWeddingStudio #နှစ်နှစ်ပြည့်အခမ်းအနား #MyanmarCeleWedding









