၁၈.၈.၂၀၂၆
Written By Thandar
နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားကြမယ့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ”ကို လာမယ့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီအချိန် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ ဝင်ကြေး အခမဲ့နဲ့ စည်ကားစွာကျင်းပမှာ ဖြစ်ပါတယ်။
“မက်ဆီပရိသတ် အနုပညာရှင်တွေအသင်းနဲ့ ရော်နယ်ဒိုပရိသတ် အနုပညာရှင်တွေ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ M10, R7 ကတော့ ကိုယ်စားပြုအနေနဲ့ အသင်းတွေကို ဖွဲ့ပြီးတော့ ရန်ပုံငွေ ဘောလုံးပွဲကို ကစားကြမှာပါ။ ပွဲဝင်ကြေးကတော့ အခမဲ့ဖြစ်ပါတယ်။ ဘောလုံးကွင်းထဲမှာကြရင် ကိုယ့်စေတနာ သဒ္ဒါတတ်အားနည်းများမဆို ရေဘေးကူညီရေးအတွက် အလှုထည့်ဝင်ပြီးကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်”လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ရန်ပုံငွေပွဲမှာ M10 အသင်းအနေနဲ့ ကျော်ကျော်ဗိုလ်၊ သူထူးစံ၊ ဖိုးချစ်၊ ဖြိုးလေး၊ ယုန်လေး၊ စစ်နိုင်၊ ဘုန်းလျှံ၊ သီဟတင်အောင်စိုး၊ သွေး၊ စိုင်းစည်တွမ်ခမ်း၊ ရော်ရွက်၊ မောင်ကင်း၊ ဇော်လင်းထွန်း၊ နေလင်းဦး၊ ချမ်းသာ၊ အောင်ကောင်းဆက်၊ သီလလူ၊ မျိုးပိုင်ချစ်၊ ရဲရင့်ဗလ၊ ရဲထွဋ်တိုက ပါဝင်ကစားကြမှာ ဖြစ်ပါတယ်။
R7 အသင်းအနေနဲ့ ထွန်းထွန်း၊ မိုးယံဇွန်၊ ရာဝဏ၊ ချာလီငြိမ်း၊ လွှမ်းပိုင်၊ နေဝင်း၊ ကောင်းစစ်သွေး၊ အိစိကွေး၊ နေရဲ၊ ထူးခြား၊ ဟိန်းထက်၊ ရာဇာမျိုးမင်း၊ ခန့်ကျော်၊ စူးရှထူး၊ ထူးနိုင်လင်း၊ မောင်မောင်လွင်၊ နန္ဒလင်းကျော်ချစ်၊ စိုင်းဝေမျိုးသော်၊ အောင်သီဟ၊ ထက်ဦးထွဋ်၊ ပုရိသ၊ အောင်ရေချမ်း၊ ဆန်းမင်းဟိန်းထွဋ်၊ ဇွဲဝီရ၊ နိုင်းနိုင်း(မဲတူ)၊ နေဝန်း၊ မင်းဟန်တို့က ပါဝင်ဆော့ကစားကြမှာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်ရှိ ပရိသတ်တွေအနေနဲ့ M10 နဲ့ R7 တို့ အသင်းတွေကို အားပေးဖို့အတွက် MRTV-4 နဲ့ Pyone Play တို့က တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာလည်းဖြစ်ပါတယ်။
