၁၁.၈.၂၀၂၆
Written By Thandar
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ ကံဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ဩဂုတ်လ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားက မိသားစုတွေက တစ်ယောက်နဲ့တစ်ယောက် အချစ်တွေက မတူညီကြဘူးလေ။ အဲ့အချစ်တွေက သားအမိကြားက အချစ်တွေလည်း မတူညီပြန်ဘူးပေါ့။ ပုဂံက ဘုရားတွေ၊ ရှုခင်းအလှအပတွေ၊ ရာသီဥတုပူပူမှာ ရင်ထဲအပူတွေနဲ့ရော အကောင်းဆုံးပုံဖော် သရုပ်ဆောင်ပေးကြတဲ့ ပါဝင်ထားတဲ့ ကိုယ့်အနုပညာမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချော/မယ်မင်းဘုံ၊ ဇာတ်ညွှန်း အကယ်ဒမီသီလံ၊ DOP သီဟသစ်၊ ဒါရိုက်တာ မယ်မင်းဘုံက ပုဂံမြို့က ဘုရားစေတီပုထိုးတွေ အလှအပတွေနဲ့ ဒရာမာပုံစံရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ရှိန်းတင်ထူး၊ ညီနန္ဒ၊ ကျော်ထက်အောင်၊ အကယ်ဒမီခိုင်နှင်းဝေ၊ ရွှေသမီး၊ ဆုအိမ့်စံ၊ စိုးမိုးကြည်၊ ရွှေပုံစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
ကံဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁၄ ရက်ကစ မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ဒါရိုက်တာမယ်မင်းဘုံ #တိုင်ရွန် #ရှိန်းတင်ထူး #ညီနန္ဒ #ကျော်ထက်အောင် #အကယ်ဒမီခိုင်နှင်းဝေ #ရွှေသမီး #ဆုအိမ့်စံ #ရွှေပုံ #MaeMinBon #Tyron #KyawHtetAung #ShweThaMee #KhineHninWai #ကံဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး #AungThiriProduction







