MT News
၁၁. ၈. ၂၀၂၆
MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး ငွေကျပ် ဘီလီယံ ၁၅၀ ကို MSME ချေးငွေ ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်း အဝေးမှ သိရသည်။
အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် ပြင်ဆင်ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်း ပေးအပ်နိုင်ခြင်းမရှိ၍ CGI စနစ် ဖြင့် ချေးငွေရယူလိုပါကလည်း ငွေကျပ်သန်း ၅၀ အထိ တိုးမြှင့်၍ ချေးငွေအာမခံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် MSME ချေးငွေလုပ်ငန်းစဉ်များ ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
အလားတူ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လက်ရှိ MSME ချေးငွေအများဆုံးပမာဏ ငွေကျပ်သန်း ၁၀၀ သတ်မှတ်ထားရှိမှုကို တိုးမြှင့်သတ်မှတ်နိုင်ရန် ဘဏ္ဍာရေးစည်းမျဉ်းပါ သတ်မှတ်ချက်များကို ပြင်ဆင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အေဂျင်စီအနေဖြင့် MSME ချေးငွေမူဝါဒနှင့်အညီ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် လက်ကျန်အခြေအနေများ၊ ချေးငွေစိစစ်ခွင့်ပြုမှုလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေးတို့အပေါ် အကြံပြု ဆွေးနွေးကြရာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်၏ မူဝါဒနှင့်အညီ MSME လုပ်ငန်းရှင်များ လိုအပ်သည့်
