နေမိုး
၁၀. ၈. ၂၀၂၆
KNU/ KNLA နှင့် PDF ထောက်ပို့ရဲမင်းက AAC မှ နုတ်ထွက်ကာ MHAC အဖွဲ့အဖြစ် သီးသန့် ရပ်တည်သွားပြီဖြစ်သဖြင့် MHAC ရဲမင်းဟု ပြောင်းလဲ ဆဲဆိုပါရန် AAC အဖွဲ့က ထုတ်ပြန် အသိပေးသည်။
ထိုင်းနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံ အလုပ်သမားကူညီစောင့်ရှောက်ရေး AAC- မဟာမိတ်အဖွဲ့
(Aid Alliance Committee For Myanmar Workers) အဖွဲ့ တွင် ၂ဝ၁၅ ခုနှစ် မှ ၂ဝ၂၁ ခုနှစ်နှစ်ကုန်အထိ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အဖြစ် ၆ နှစ်ကျော် AAC- အဖွဲ့ တွင် အတူလက်တွဲကူညီခဲ့သူ ရဲမင်း (ခ) Ye Min Kyi သည် မိမိသဘောဆန္ဒဖြင့် AAC- မဟာမိတ်အဖွဲ့ မှခွဲထွက်ပြီး သီးသန့် ရပ်တည်မည့် အကြောင်း Ye Min (FB) မှတရားဝင်သတင်းထုတ်ပြန်ကြောင်းသိရကြောင်းနှင့် (MHAC) Myanmar Humanitarian Action Center အဖွဲ့ကို သီးသန့်ရပ်တည်ကြောင်း တရားဝင်ပြည်သူများကို တင်ပြထားသော်ငြား ရဲမင်းနှင့် အဖွဲ့ ဝင်များ လူမှုကွန်ရက် ပေါ်တွင် အလုပ်သမားရေး၊ လူမှုရေး၊ထောက်ပို့ရေး၊ ထိုင်းထီဆုထုတ်ပေးရေး အစရှိသော လူမူရေးပြဿနာများ သဘောထားကွဲလွဲမှုများ ဖြစ်လာပါက AAC-Ye Min ဟု သုံးပြီးဝေဖန်ကြ ဆဲကြသည့်အခါ လက်ရှိ အလုပ်သမားရေးနှင့် အများအကျိုးပြု ပရဟိတလုပ်ငန်းများကို မိမိတို့ကူညီနိုင်သည့်အပိုင်းက ကူညီပေးနေသည့် AAC-အဖွဲ့ သားများမှ စိတ်မချမ်းမြေ့ပါသဖြင့် ရဲမင်းကို AAC-မဟာမိတ်အဖွဲ့ အမည်သုံးပြီး ဆဲ ဆိုဝေဖန်ခြင်းကို တရားဝင်ကန့်ကွက်ပါကြောင်း AAC အဖွဲ့၏ အသိပေးချက်တွင် ဖော်ပြသည်။

ထို့ကြောင့် သဘောထားမတိုက်ဆိုင်ခြင်း၊ အကြံပေးခြင်း၊ ဆဲဆိုခြင်းများ ဝေဖန်လိုပါက AAC-Ye Min ဟု အသုံးပြုခြင်းအား MHAC-Ye Min အဖြစ် ပြောင်းလဲအသုံးပြုပေးကြပါရန်လည်း AAC အဖွဲ့က အထူးမေတ္တာရပ်ခံထားသည်။
သို့သော်ရဲမင်းကမူ AAC အမည်ကို ဖယ်ရှားခြင်းမပြုသေးဘဲ အေအေစီ ရဲမင်းဟူသော အကောင့်ကို Tag တွဲကာ လူမှုကွန်ရက်အပေါ် AAC အမည်ကို ယနေ့အထိ အသုံးချနေဆဲဖြစ်သည်ကိုလည်း တွေ့ရှိရသည်။
