၇.၈.၂၀၂၆
Written By Thandar
ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းထပ်တူကျတဲ့ အသည်းကွဲသီချင်းတွေ ဖန်တီးလေ့ရှိတဲ့ တေးရေး တေးဆို အဆိုတော် မိစန္ဒီရဲ့ “ကံမကုန်ရင်” – Lyrics Visualizer TONIGHT သီချင်းဟာ ချစ်သူနှစ်ဦးချစ်ပေမယ့် ပေါင်းဖက်ခွင့်မရတာကို ရင်နင့်အောင်ခံစားပြီး ရေးသားထားတယ်လို့ မိစန္ဒီက ဆိုပါတယ်။
“ဒီ ကံမကုန်ရင်သီချင်းလေးဟာ မိစန္ဒီက အချစ်စစ်ပေမယ့်လည်း ညှိလိုမရတဲ့ မတူညီမှုတွေ၊ အနေအထား အခြေအနေတွေကြောင့် အတူတူပေါင်းဖက်ခွင့်မရဘဲ ဝေးကွာရတတ်တဲ့ အကြောင်းကို ပုံဖော်ရေးဖွဲ့ထားတာပါ။ ချစ်နေရုံသက်သက်နဲ့ မပေါင်းစည်းနိုင်ဘူးဆိုတဲ့ အသိတရားနဲ့အတူ ရင့်ကျက်မှု၊ နာကျင်မှုတွေကို ခံစားချက်တွေ အများကြီးနဲ့ ရင်နင့်စွာရေးသားထားခဲ့ခြင်းဖြစ်ပါတယ်။ မိစန္ဒီရဲ့ Album သစ်ထဲက အသည်းကွဲသီချင်းတွေထဲမှာ ဒီသီချင်းလေးက ကိုယ်တိုင် အနှစ်သက်ဆုံး (Personal Favorite) လို့တောင် ပြောလို့ရပါ တယ်”လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။
သူမကတော့ ကိုယ်တိုင်ရေး သီချင်းသစ်တွေကို မိုးတွင်းကာလမှာ စိတ်အခြေအနေ၊ အကြမ်းစီးဖိနပ်၊ အလိုမတူ၊ ကြေကွဲမိုးတိမ် စတဲ့ တေးသီချင်းများစွာ ဆက်တိုက်ထွက်ရှိနေလျှက်ရှိသူလည်းဖြစ်ပါတယ်။ အဆိုပါ တေးသီချင်းတွေကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလတုန်းက အမှန်တကယ် ခံစားခဲ့ရတဲ့ စိတ်မွန်းကြပ်မှုတွေ၊ Depression တွေနဲ့ အစာမကြေမှုတွေအပေါ် တေးရေး တေးဆိုသားသားနဲ့အတူ တီးခတ် ရေးဖွဲ့ထားတယ်လို့ သိရပါတယ်။
“ဒီသီချင်းလေး နေ့ရော ညရော ရင်ထဲမှာ လွမ်းတာကို ဖော်ညွှန်းထားတာပါ။ Visualizer လေးနဲ့အတူ ပြန်လည်ခံစားကြည့်ကြတဲ့အခါ ပရိသတ်တွေအနေနဲ့ ဘယ်လိုမျိုးခံစားရလဲဆိုတာတွေကိုလည်း ဝေမျှပေးဖို စောင့်မျှော်နေပါတယ်နော်”လို့ သူမကဆက်ပြောပါတယ်။
#မိစန္ဒီ #MiSandi #MyanmarSinger #ကံမကုန်ရင် #BeauifullnPain #LyricsVisualizerTONIGHT






