၃၁.၇.၂၀၂၆
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း အပူနှင့်ဆက်စပ်သော သေဆုံးသူဦးရေမှာ ၁၀,၀၀၀ နီးပါးထိ ရှိလာပြီဖြစ်ရာ ၂၀၁၆ ခုနှစ်မှစ၍ မည်သည့်နှစ်ထက်မဆို နှစ်စဉ် အပူကြောင့် စုစုပေါင်းသေဆုံးရမှု ပမာဏကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး နောက်ထပ် အပူချိန်အလွန်အမင်း မြင့်တက်လာသည်နှင့်အမျှ သေဆုံးသူဦးရေ မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း ဂျာမနီ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို ဖက်ဒရယ်အဖွဲ့အစည်း (RKI) ၏ ခန့်မှန်းချက်များက ဖော်ပြခဲ့သည်။
RKI က ဧပြီလဆန်းမှ ဇူလိုင်လ ၁၉ ရက်အထိ အပူဒဏ်ကြောင့် သေဆုံးမှု ၉,၈၀၀ ခန့်ရှိခဲ့ကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အမြင့်ဆုံးနှစ်စဉ်ကိန်းဂဏန်းမှာ ၂၀၁၈ ခုနှစ်တွင် ၉,၀၀၀ ခန့်ဖြစ်သည်။

ယခုနှစ်သေဆုံးမှုများအနက် ၅,၀၀၀ ကျော်မှာ ဇွန်လဒုတိယပိုင်းတွင် နိုင်ငံ၏ အချို့ဒေသများ၌ အပူချိန် ၄၂ ဒီဂရီ ဆယ်လ်စီးယပ်စ် (၁၀၇ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) နီးပါးရှိခဲ့သည့် ပြင်းထန်သောအပူလှိုင်းနှင့် ဆက်စပ်နေသည်။
ဥရောပသမဂ္ဂ၏ Copernicus ရာသီဥတုဝန်ဆောင်မှုအဖွဲ့ကလည်း ၂၀၂၆ ခုနှစ် ဇွန်လက အနောက်ဥရောပတွင် အပူဆုံးဇွန်လအဖြစ် စံချိန်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အပူလျှပ်ခြင်းကဲ့သို့သော အခြေအနေကြောင့် လူတစ်ဦးသေဆုံးခြင်း မဟုတ်ပါက အပူဒဏ်ကို သေဆုံးမှု၏ တိုက်ရိုက်အကြောင်းရင်းအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်းလည်း သိရသည်။
အများစုတွင်မြင့်မားသောအပူချိန်သည် သေဆုံးသူ၏ နှလုံးသွေးကြောဆိုင်ရာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ သို့မဟုတ် ကျောက်ကပ်ဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေသည်။ ထို့ကြောင့် အပူသည် သေဆုံးလက်မှတ်များတွင် မကြာခဏ အကြောင်းရင်းအဖြစ် မပေါ်ဘဲ ဖော်ပြလေ့ရှိသည်။
RKI က သက်ကြီးရွယ်အိုများသည် အပူဒဏ်ကြောင့် အကြီးမားဆုံးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောခဲ့ပြီး ၎င်း၏ခန့်မှန်းချက်ကလည်း အပူဒဏ်ကြောင့် အသက် ၇၅ နှစ်နှင့်အထက်ရှိသူများသည် ခန့်မှန်းသေဆုံးမှု ၇,၉၀၀ နီးပါးရှိကြောင်း ဖော်ပြခဲ့သည်။ သေဆုံးသူများအနက် ၆၃၀ ခန့်သာ အသက် ၆၅ နှစ်အောက်ငယ်သူများဖြစ်ကြောင်း သိရသည်။
Ref- DW News

