နေမိုး
၂၁. ၆. ၂၀၂၆
မူးယစ်ဆေးသုံးစွဲသည့်အပြင် ဆိုင်ကယ်နှင့် ငွေ ခိုးယူမှုဖြင့် ဖမ်းဆီးခံထားရသူ PDF အချုပ်သားကို အလုပ်ဘုတ်ထုတ်သူ PDF က ပစ်သတ်လိုက်မှု ပင်လည်ဘူး PDF အဖွဲ့အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ S2 စခန်းတွင် ကာကွယ်ရေးအဖွဲ့မှ မူးယစ်ဆေးသုံးစွဲမှု၊ ဆိုင်ကယ်၊ ငွေ ခိုးယူမှုတို့ဖြင့် ယခုနှစ် ဇွန်လ ၁၇ ရက်တွင် S2 အချုပ်သို့ ပို့ဆောင်ထားခဲ့သော ကောလင်းခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်ဖိုးချစ်အား အလှည့်ကျ လုံခြုံရေး ရဲဘော်တောက်ထွန်းမှ ဇွန်လ ၁၉ ရက် နံနက် ၇ နာရီအချိန် အလုပ်ဘုတ်ထုတ်ရာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကျည်ပစ်ဖောက်ရာမှ PDF ဖိုးချစ်မှာ
ကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် PDF ဖိုးချစ်အား ပစ်သတ်သည့် PDF တောက်ထွန်းအား ဖမ်းဆီးထိန်းသိမ်း၍ ပ (၃/၂၀၂၆) ဖြင့် အရေးယူထားသည်ဟု ပင်လည်ဘူး PDF အဖွဲ့က ထုတ်ပြန်ထားသည်။
