၂၀.၆.၂၀၂၆
Written By Thandar
Mahar Application နဲ့ Bo Bo Film Production တို့ ပူးပေါင်းတင်ဆက်မယ့် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်းပုံစံ “ဣတ္ထိမဲ့ဂေဟာ”ဇာတ်လမ်းတွဲက စိတ်ထားနူးညံ့ပြီးတော့ လူနာတွေကို စေတနာထားကုသပေးနေတဲ့ ဆရာဝန်မလေး သူဇာနေရာက ပါဝင်ထားတယ်လို့ ထွန်းပုလဲရတနာက ပြောပါတယ်။
“ဒီ ဣတ္ထိမဲ့ဂေဟာဇာတ်လမ်းတွဲရဲ့ ဇာတ်လေးကိုဖတ်လိုက်ချိန်မှာ ဇာတ်လမ်းလေးက ချစ်စရာလေး။ ပရိသတ်ကကြည့်ရင်လည်း ပျော်ဖို့ကောင်းမှာပါ။ ဘယ်လိုပြောရမလဲ ကြည့်နေကျ ဒရာမာတွေထပ်စာရင် ဟာသဆန်တဲ့ ပေါ့ပေါ့ပါးပါးကားလေးမို့ အရမ်းသဘောကျလို့ ပုလဲ လက်ခံဖြစ်တာပါ။ ဒီကားမှာ ပုလဲက စိတ်ထားနူးညံ့ပြီးတော့ လူနာတွေကို စေတနာထားကုသပေးနေတဲ့ ဆရာဝန်မလေး သူဇာနေရာက ပါဝင်ထားပါတယ်။ ကိုယ့်ကလည်း ဆေးကျောင်းဆင်းထားတာမို့ မဝေးဘူးပေါ့။ ဒီကားမှာ ကိုခန့်စည်သူနဲ့တွဲပြီး သရုပ်ဆောင်ထားတာပါ။ သရုပ်ဆောင်တွေလည်း အများကြီးပါပါတယ်။ ပေါ့ပေါ့ပါးပါး ရိုမန့် ပျော်ရွှင်ကြည်နူးစရာဇာတ်လမ်းလေးမို့ ပရိသတ်တွေ စိတ်ပင်ပန်းသမျှ အမောပြေစေမယ့်ထင်ပါတယ်။ မကြာခင် ထုတ်လွှင့်ရင် အားပေးကြဖို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ထွန်းပုလဲရတနာက ပြောပါတယ်။
ဇာတ်ညွှန်း ညီအောင်ညီနဲ့ အေးမြတ်ချိုတို့ ရေးသားတဲ့ အဆိုပါ ဇာတ်လမ်းတွဲကို ဒါရိုက်တာ အိ(အရုဏ်ဦး)၊ တွဲဖက်ဒါရိုက်တာ ဆူးခက်မင်းတို့က ရိုက်ကူးပြီး သရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ၊ ကောင်းမြတ်စံ၊ ဘုန်းရှိန်ခန့်၊ ဟိန်းသစ်စ၊ ထွန်းပုလဲရတနာ၊ အဲဝေသာ၊ ချယ်ချယ်၊ သဒ္ဒါနန်းထိုက်၊ မေသရဝဏ်၊ သွန်းကြယ်စင်၊ ကျော့ကျော့၊ သော်တာလှိုင်ထွန်း၊ အကယ်ဒမီ ဝါဝါအောင်၊ မုဒြာ၊ ဝါဝါမေမောင်၊ မာယုသာ၊ ဟန်လေး၊ သူဇာပွင့်၊ အင်ကြင်း၊ ဘဉ်မင်းပိုက်၊ သွက်လက်၊ ဈာန်ဟိန်းစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲကို လာမယ့် ဇွန်လ ၂၄ ရက် နံနက် ၇နာရီမှာ Mahar Application မှာစတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။
#ခန့်စည်သူ #ကောင်းမြတ်စံ #ဘုန်းရှိန်ခန့် #ဟိန်းသစ်စ #ထွန်းပုလဲရတနာ #အဲဝေသာ #ချယ်ချယ် #သဒ္ဒါနန်းထိုက် #KhantSiThu #KaungMyatSan #HtunPalalYadanar #HeinThitSa #မဟာနဲ့ဆိုဇိမ်ပဲ #ဣတထိမဲ့ဂေဟာ #mahar #maharapplication
