၁၆.၆.၂၀၂၆
Written By Thandar
မြန်မာ့ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဒို့တွေအတူတူတက်ကြစို့ ရည်ရွယ်ချက်နဲ့ Myanmar Film Acting Promotion Course (မြန်မာရုပ်ရှင်သရုပ်ဆောင်မြှင့်တင်ရေးသင်တန်း) နောက်ဆုံးအဆင့် ရွေးချယ်ခံရသူ သင်တန်းသား ကျား ၂၀ ဦးနဲ့ မ ၂၀ ဦးတို့ရဲ့ စာရင်းတွေထွက်ပေါ်လာပါတယ်။
“ကျွန်မက ဒီ Film Development Centre ရဲ့ ကော်မတီဝင် အမျိုးသမီးတစ်ယောက်အနေနဲ့ပါပါတယ်။ ကျွန်မတို့စင်တာရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံကိန်းထဲမှာ Project အနေနဲ့ပါတာဖြစ်ပါတယ်။ ဒီဟာကို ကမကထလုပ်ပေးတာပါ။ Talent အနေနဲ့ ခေါ်ချင်တာမို့ ပထမဦးဆုံး Online ကနေ ကြေညာတယ်။ သူတို့တွေရဲ့ ဖောင်တွေဖြည့်ပြီးတော့ ကျွန်မတို့စိစစ်လိုက်ချိန်မှာ တော်တော်များများလာလျှောက်ကြတယ်။ ကျွန်မတို့အနေနဲ့ကတော့ Fresh ဖြစ်တာကို ပိုပြီးတော့ ဦးစားပေးချင်တယ်။ ဘာလိုဆိုရင် ခေါက်ရိုးကျိုးနေတဲ့ အိုက်တင်တွေထဲမှာ ရှိနေတာထက် Next Wave တစ်ခုကို တွေ့ချင်တယ်။ ဒါကြောင့်မို့ ရွေးတဲ့အချိန်မှာလည်း သူ့ရဲ့ Feature တွေရော၊ Experience တွေကို Different ဖြစ်တဲ့ဟာကိုပဲ အားစိုက်ပြီးတော့ ရွေးခဲ့ပါတယ်။ သူတို့က App တွေအများကြီးရှိတာမို့ ဒီကလေးတွေက ကြော်ငြာတွေ သရုပ်ဆောင်ခွင့်ရမှာပါ။ ကလေးတွေရဲ့ Talent အသစ်တွေ ထွက်ပေါ်လာတာကို ကြိုက်ပါတယ်”လို့ Judge အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
အဆိုပါသင်တန်းမှာ Judge အနေနဲ့ အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ အကယ်ဒမီ ဒါရိုက်တာ ဝိုင်း၊ အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦး၊ ဒါရိုက်တာ အောင်ဩဘာ၊ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ဒီဒီထက်အောင်၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ Makeup Artist မေဦးမောင်၊ International Makeup Academy Soraနဲ့ Photography ဝေလင်းတို့က ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
Myanmar Film Acting Promotion Course မြန်မာရုပ်ရှင်သရုပ်ဆောင်မြှင့်တင်ရေးသင်တန်းကို အယောက် ၂၆၄ ကျော်ဝင်ရောက်လျှောက်ထားကြပြီး လူ ၁၀၀ ကို ပြန်လည်စိစစ်ရွေးချယ်ခဲ့ကာ လူအယောက် ၄၀ ကို ဆက်လက်ရွေးချယ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီသင်တန်းမှာ ရွေးချယ်ခံရတဲ့ သင်တန်းသား အယောက် ၄၀ ကို အနုပညာသရုပ်ဆောင်ပိုင်းအပြင် ရိုက်ကူးအပိုင်းတွေမှာ သိသင့်သိထိုက်တာတွေကို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
#အန်တီဂရေ့စ် #ဆွေဇင်ထိုက် #Grace #SweZinHtike #MgMyoMin #ZawMyintOo #YoonWintHlwarAung #Annonimus #MyanmarArt #MyanmarCele #𝑴𝒚𝒂𝒏𝒎𝒂𝒓𝑭𝒍𝒊𝒎𝑨𝒄𝒕𝒊𝒏𝒈𝑷𝒓𝒐𝒎𝒐𝒕𝒊𝒐𝒏𝑪𝒐𝒖𝒓𝒔𝒆 #မြန်မာရုပ်ရှင်သရုပ်ဆောင်မြှင့်တင်ရေးသင်တန်း #FilmDevelopmentCentre #myanmarflimactingpromotioncourse #actingshow









