၁၆.၆.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက COVID-19 ကာကွယ်ဆေးများ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-19 ကာကွယ်ဆေးကို ဒဂုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာရွှေပြည်ဦးဆောင်၍ သူနာပြုများက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်တန်းခန်းမတွင် လာရောက်ထိုးနှံပေးခဲ့ကြသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးသည့် COVID-19 ကာကွယ်ဆေးအမျိုးအစားမှာ Pfizer-LP 8.1 ဆေးအမျိုးအစားဖြစ်ပြီး ပြည်သူများအနေဖြင့် နီးစပ်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနများတွင် အခမဲ့ သွားရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အရပ်သားကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၃ ဦးရှိကြောင်း သိရသည်။









