၁၆.၆.၂၀၂၆
Written By Thandar
ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ Miss Universe Myanmar 2026 ရဲ့ ခမ်းနားထည်ဝါလှတဲ့ Preliminary Competition ပြိုင်ပွဲကြီး ယနေ့ ဇွန်လ ၁၆ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Hexagon Complex မှာကျင်းပခဲ့ရာ Judge အနေနဲ့ Natalie Glebova (Miss Universe 2005) နဲ့ Ahtisa Manalo (Miss Universe 2025-3rd Runner Up)တို့ တက်ရောက်လာခဲ့ကြပါတယ်။
အဆိုပါ ပြိုင်ပွဲမှာတော့ Judge အနေနဲ့ သန္တာလှိုင် Suoer Model, Lpngevity Advocate), Pawee Ventura (The Owner & CEO of Missosology), Natalie Glebova (Miss Universe 2005), Ahtisa Manalo (Miss Universe 2025-3rd Runner Up) Miss Universe Philippines 2025 စတဲ့သူတွေက ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
Miss Universe Myanmar 2026 ကို ပြည်နယ်နဲ့တိုင်းအလိုက် ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ဘားအံကိုယ်စားပြု မေဂရေ့စ်၊ ကျောက်ဖြူကိုယ်စားပြု သက်ထားရွှေစင်၊ မြိတ်ကိုယ်စားပြု ဩဂတ်စ်မိုး၊ ပဲခူးကိုယ်စားပြု အလှမယ် ပိုးပန်ဒိုရာ၊ စစ်တွေကိုယ်စားပြု စောလပြည့်ဝန်း၊ ရန်ကုန်အနောက်ပိုင်း ကိုယ်စားပြု ကျော်ကျော်အိန္ဒြာစတဲ့သူတွေက Swimming suit Round, Evening Gown Round တို့နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ Miss Universe Myanmar Official YouTube Channel နဲ့ Shwe Nadi Shwe Yi Entertainment Channel (TV) တို့ကနေပါ တစ်ပြိုင်နက်တည်း Live လွှင့်ပြသနေတာလည်းဖြစ်ပါတယ်။ မနက်ဖြန် ဇွန်လ ၁၇ ရက် ညနေပိုင်းမှာတော့ Miss Universe Myanmar 2026 Grand Final ကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး Miss Universe Philippines 2026 အလှမယ် Bea Millan Windorski က Special Guest အနေနဲ့ တက်ရောက်လာမှာလည်းဖြစ်ပါတယ်။
#NatalieGlebova #AhtisaManalo #MayGrace #မေဂရေ့စ် #စောလပြည့်ဝန်း #ShweNadiShweYiEntertainment #MissUniverseMyanmar2026 #PreliminaryCompetition #Judge #MissUniverse2005 #MissUniverse








