သတိုး
၁၆. ၆. ၂၀၂၆
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ MOU ၁၈ ခုရေးထိုးခြင်းနှင့် တီယန်အန်မင်ရင်ပြင်တွင် လွမ်းသူပန်းခွေချ ဂုဏ်ပြုခြင်းများပြုလုပ်ခဲ့သလို တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့်ပါ တွေ့ဆုံဆွေးနွေးမှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတ ဖိတ်ကြားချက်အရ သွားရောက်သည့် ယခု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်အတွင်း တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိ၊ ဝန်ကြီးချုပ်လီချန်နှင့် တွေ့ဆုံမှုများကို သတင်းဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
