သတိုး
၁၆. ၆. ၂၀၂၆
တရုတ်နိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ တီယန်အန်မင်ရင်ပြင် (Tiananmen Square) ရှိ သူရဲကောင်းဗိမာန်၌ လွမ်းသူပန်းခွေချကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသမ္မတများနှင့် နိုင်ငံ့ခေါင်းဆောင်များ လာရောက်ပန်းခွေချကာ ဂုဏ်ပြုရသည့်နေရာဖြစ်သော တီယန်အန်မင်ရင်ပြင်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန် ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ဂုဏ်ပြုခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကျဆုံးလေပြီးသော တရုတ်ပြည်သူ့ သူရဲကောင်းများအား လွမ်းသူပန်းခွေချ ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။
















