သတိုး
၁၆. ၆. ၂၀၂၆
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ်ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ယနေ့နေ့လယ်တွင် အထူးဂုဏ်ပြုနေ့လယ်စာ တည်ခင်းနေမှု မြင်ကွင်းများဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က အထူးဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က အသင့်စောင့်ကြိုလက်ဆွဲနှုတ်ဆက်ကြိုဆိုပြီး နေ့လယ်စာသုံးဆောင်မည့်ခန်းမအတွင်းသို့ အတူတကွဝင်ရောက်ကာ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
အထူးဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း တရုတ်ရိုးရာယဉ်ကျေးမှု အဖွဲ့ များက နှစ်နိုင်ငံတေးသီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
