သတိုး
၁၆. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် ရောက်ရှိလာရာ တရုတ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အမြှောက် ၂၁ ချက်ဖောက်၍ ကြိုဆိုခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ကြိုဆိုနှုတ်ဆက်ကာ ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်စစ်ဆေး၍ အလေးပြုမှု ခံယူခဲ့ကာ နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်တည်ခင်းသည့် ဂုဏ်ပြုနေ့လယ်စာ စားသုံးပြီးနောက် နှစ်နိုင်ငံသမ္မတများရှေ့မှောက် နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့သည်။
မြန်မာ – တရုတ် နှစ်နိုင်ငံသမ္မတများရှေ့မှောက်တွင် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ ၁၈ ခုနှင့် ပတ်သက်၍ မကြာမီ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။










