သတိုး
၁၆. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် ရောက်ရှိလာရာ တရုတ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အမြှောက် ၂၁ ချက်ဖောက်၍ ကြိုဆိုခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်စစ်ဆေးကာ အလေးပြုမှု ခံယူပြီးနောက် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများ ရေးထိုးသွားမည်ဖြစ်ပြီး ထိုသို့ တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများရေးထိုးရန် ပြင်ဆင်နေမှုကို ကနဦးဖော်ပြပေးအပ်ပါသည်။






